ဂျပန်နိုင်ငံ ရထားဝန်ဆောင်မှုအကြောင်း
၁။ ဂျပန်နိုင်ငံတွင် အများပြည်သူများ၏ သွားလာပို့ဆောင်ရေးကို
ရထားမှအဓိက ဆောင်ရွက်ပေး လျက်ရှိပြီး ကုမ္ပဏီများစွာရှိပါသည်။ အဆိုပါ ကုမ္ပဏီများအနက်မှ
JR East ၏ရထားပို့ဆောင်ရေး ဝန်ဆောင်မှုအကြောင်း ဖော်ပြရေးသားသွားမည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံသည်
မီးရထားလုပ်ငန်းကို JNR(Japan National Railway) အဖြစ် ၁၈၇၂ အောက်တိုဘာလ ၁၄ ရက်တွင်
စတင်ခဲ့ပြီး ပထမဆုံးလမ်းပိုင်းအဖြစ် Shimbashi နှင့် Yokohama ကိုစတင် ပြေးဆွဲခဲ့ခြင်းဖြစ်ပါသည်။
နောက်ပိုင်းတွင် မီးရထားလုပ်ငန်းမှာ စီးပွားရေးအရ ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပြီး ၁၉၈၇
ဧပြီ ၁ ရက်နေ့တွင် JNR (Japan National Railway) အဖြစ်မှ အောက်ပါအတိုင်း ပုဂ္ဂလိကုမ္ပဏီများကို
တာဝန်ယူဆောင်ရွက်စေခဲ့ပါသည်-
(က) JR-East
(ခ) JR-West
(ဂ) JR-Central
(ဃ) JR-Hokkaido
(င) JR-Shikoku
(စ) JR-Kyushu
(ဆ) JR-Freight
၂။ ရထားလိုင်းများအားလုံးအတွင်း ကုမ္ပဏီမျိုးစုံမှ
ရထားများ ပြေးဆွဲနိုင်ပြီး PRC (Programmable Route Control) ၊ CTC (Centralized
Train Control) ၊ ATOS (Autonomous decentralized Transport Operation control
System) နှင့် Pre-DAS (Pre-Disaster Alarm System) စနစ်များကို အသုံးပြုထားခြင်းကြောင့်
လုံခြုံစိတ်ချစွာနှင့် အဆင်ပြေချောမွေ့စွာ ရထားများသွားလာလျက်ရှိပြီး ဘူတာကြီးများတွင်
Bullet Train (Shinkansen) လိုင်းများသို့ပါ အလွယ်တကူ ရထားပြောင်းလဲစီးနိုင် ပါသည်။
Bullet Train သည် 1435 mm (standard gauge) အမျိုးအစားကို အသုံးပြုထားပြီး Local
Train များသည် 1372 mm (narrow gauge) အမျိုးအစားကို အသုံးပြုထားပါသည်။ ရထားအားလုံး
လျှပ်စစ်ရထားများဖြစ်ကြပါသည်။ အချို့ဘူတာကြီးများတွင် Bus ကားလိုင်းများနှင့်ပါ ချိတ်ဆက်ဆောင်ရွက်
ထားသဖြင့် ခရီးသွားလာ ရေးကို များစွာအဆင်ပြေလွယ်ကူစေပါသည်။ Bullet Train များသည်
320 km/h ၊ 230 km/h အမြန်နှုန်း ဖြင့်ပြေးဆွဲလျက်ရှိပြီး တိုကျိုမြို့တွင်း Tokyo-Omiya
အတွက် ၂၅၇၀ ယန်း၊ တိုကျိုမှ ဟော့ကိုင်းဒိုးရှိ Tokyo-Shin Hakodate Hakkuto အတွက် ၂၂၆၉၀
ယန်းကုန်ကျမည်ဖြစ်ရာ ဈေးများသည်ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် မြို့တွင်း ရထားခမှာ
ဘူတာ ၁ ခုနှင့် ၁ ခုကြား ၁၄၀ ယန်း၊ Tokyo-Omiya အတွက် ၅၅၀ ယန်းသာကုန်ကျသည့်အတွက် သက်သာသည်ဟု
ဆိုရပါမည်။ အကယ်၍ သင်သည် လပေး လက်မှတ်ကို အသုံးပြုပါက ပိုမိုသက်သာမည်ဖြစ်ပါသည်။
